ရွှေပြည်သာ မေ ၁၂
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယနေ့မွန်းလွဲ(၂)နာရီအချိန်တွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေသားသော လူငယ်နှင့်အခွင့်အလမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော လူငယ်နှင့်အခွင့်အလမ်း စာအုပ်ပါအကြောင်းအရာများအား ဖတ်ကြားပြီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)