ဇမ္ဗူသီရီ မေ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ရောင်နီဦး စာကြည့်တိုက်တွင် “အမျိုးသမီးများအပေါ်ကာကွယ်ပေးထားသော ဥပဒေများနှင့် ပတ်သက်သည့် အသိပညာပေး” ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီလာစိုးက နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နိုင်ငံတော်ကိုအကျိုးပြုမည့် ဗလငါးတန်နှင့် ပြည့်စုံသည့် သားကောင်းရတနာ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဟောပြောပွဲအား ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်မှုနှင့် အန္တရာယ်ရှိသောဓလေ့ထုံးစံများဖြင့် အကြမ်းဖက်ခြင်း စသည့်ခေါင်းစဉ်များဖြင့် ရှင်းလင်း ဟောပြောခဲ့ရာ တက်ရောက်လာသော ကျောင်းသား/သူကလေးငယ်များ၏ မေးမြန်းဆွေးနွေး ချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် ဦးကျော်အောင်၊ သပြေကုန်းရပ်ကွက်အတွင်းမှ ရပ်မိရပ်ဖများနှင့် ကျောင်းသား/သူ စုစုပေါင်း (၇၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)