ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီခိုလှုုံရာစခန်းများ၌ နေထိုင်ကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအားထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်
ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ဦးဆောင်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူတို့က ယာယီနေရပ်စွန့်ခွာ ပြည်သူများနေထိုင်သည့် လွိုင်ကော်မြို့၊ ယာယီခိုလှုုံရာစခန်းများသို့ ယနေ့နံနက် ၉ နာရီအချိန်ကသွားရောက်၍ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။