ကယားပြည်နယ်

ဖား​ဆောင်းမြို့၌ မြို့သန့်ရှင်းသာယာ​လှပ​ရေး စု​ပေါင်းသန့်ရှင်း​ရေးဆောင်ရွက်

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့၌ မြို့အင်္ဂါရပ်နှင့်ပြည့်စုံ​စေ​ပြီး မြို့သန့်ရှင်းသာယာလှပ​စေ​ရေး၊ မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​စေ​ရေး အတွက်အပတ်စဥ်စုပေါင်း သန့်ရှင်း​ရေး​ဆောင်ရွက်လျှက်ရှိရာ ယ​နေ့နံနက် ၇ နာရီက​မြောက်ပိုင်းရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများ၏​ ဘေးပတ်ဝန်းကျင်နှင့် လမ်း​ဘေးတစ်​လျှောက်​နေရာများတွင်​ ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့(သင်္ချာဘာသာရပ်)ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ယနေ့မတ်လ (၁၀)ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းဖြေဆိုလျက်ရှိရာ ကယားပြည်နယ်တွင် လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင်လည်း ဖြေဆိုလျက်ရှိသည်။

ဖား​ဆောင်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာ​စောင်များဖြန့်​ဝေ

ကယားပြည်နယ်၊ ​​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာ​စောင် ဖြန့်​ဝေခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံး​ရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါ ကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ လူငယ်စကားဝိုင်းကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်နယ်အားကစားရုံ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဆန်နှင့် ဆီ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ခရိုင်/ မြို့နယ်အဆင့်တို့၌  တာဝန်ထမ်းဆောင် နေသော ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်ဈေးနှုန်းများမြင့်တက်ချိန် ဝန်ထမ်းများ စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ကယားပြည်နယ် အစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မယ်စဲ့မြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပြည်နယ်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ပြုလုပ်ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်တို့ တက်ရောက်ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား / ကျောင်းသူများ အေးချမ်းစွာဖြင့် စတင်ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုယနေ့ မတ်လ ၈ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စတင်ဖြေဆိုရာ ကယားပြည်နယ်တွင် လွိုင်ကော် ၊ ဘောလခဲ၊ ဖားဆောင်း ၊ မယ်စဲ့ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင်လည်း စတင်ဖြေဆိုလျက်ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အ.ထ.က(ဘောလခဲ)စာစစ်ဌာန၌ ကျောင်းသား/သူများ စာဖြေဆိုနေမှုအား ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၂၃ ခုနှစ် အခြေခံပညာအထက်တန်းကျောင်း(ဘောလခဲ) စာစစ်ဌာန၏ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုအား ဘောလခဲခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၀၉:၀၀)နာရီအချိန်က သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
Subscribe to ကယားပြည်နယ်