လွိုင်ကော် မတ် ၂၄
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်သမဝါယမဦးစီးဌာနတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် သမဝါယမအသင်းများအတွက် တတိယအကြိမ် မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်သက်လွင်မှ မတည်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ်သမဝါယမအသင်းစုချုပ်အဖွဲ့ဝင် ဦးမီရယ်မြင့်မှ အမှာစကားပြောကြားသည်။ ဆက်လက်၍ လွိုင်ကော်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးထူးမြတ်အောင်က မတည်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းအတွက် အမှာစကားပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် သမဝါယမအသင်းများအား ရန်ပုံငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)