ဖားဆောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာစတင်ဖြေဆို
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ဖားဆောင်း)စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပလျက်ရှိရာ မြန်မာစာဘာသာ(ပထမနေ့)ကို ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။