ကယားပြည်နယ်

ဘောလခဲမြို့ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊  ဘောလခဲမြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ဈေးရုံးဌာနများနှင့် နေအိမ်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် သရုပ်ပြသခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဘောလခဲ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖားဆောင်းမြို့နယ် နန်းဟူးကုန်းကျေးရွာ၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ယနေ့နံနက် (၈)နာရီ အချိန်က နန်းဟူးကုန်း​ကျေးရွာ၌ အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ အသက်ငါးနှစ်အောက် ကလေးငယ်များအား သန်ချဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီ၏ ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မယ်စဲ့မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​​ဆောင်းမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက မြို့နယ်အုပ်ချုပ်​ရေးမှူးရုံး အစည်း​ဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများစာဖတ်ဝိုင်းပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ​​ယနေ့​​နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်  လွိုင်ကော်မြို့နယ်အတွင်း၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများအား ကြည့်ရှုအားပေး

ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်း မြို့ ၊ ရွာ သန့်ရှင်းသာယာ လှပစေရေး၊ ခြင်အန္တရာယ်နှင့်အခြားရောဂါများ ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများတွင် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ သင်တန်းကျောင်းများ ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ပြည်နယ်ဧည့်ရိပ်သာ ၊ ဝန်ထမ်းအိမ်ရာများနှင့် စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်