ဖားဆောင်း မတ် ၂၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ၂၀၂၃ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့်(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြိုအဖြစ် (၇၈)နှစ်မြောက် တပ်မတော်နေ့သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့နံနက်က တပ်ရပ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာရုံးများ၊မြို့ပေါ်ရပ်ကွက်ရှိပြည်သူများ လက်ဝယ်သို့အရောက် အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇-၃-၂၀၂၂ရက်နေ့ (၇၇)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်သူချစ်တဲ့တပ်မတော်၊ စွမ်းအားရှိသမျှကာကွယ်ပေးမယ်၊ တပ်မတော်၏အား(၁၀)ပါး၊ နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့ဆောင်ပုဒ်များ၊ ကာတွန်းများစသည့် အကြောင်းအရာများကို ဖော်ပြပေးထားကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)