လွိုင်ကော်မြို့၌ ငလျင်ဘေးအန္တရာယ်အသိပညာပေး ‌ဟောပြောပွဲပြုလုပ်

လွိုင်ကော် မတ် ၂၃

ကယားပြည်နယ်၊ လွိုင်ကော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့ ၁၁ နာရီအချိန်က ငလျင်ဘေးအန္တရာယ်အသိပညာပေး ဟောပြောခြင်းကို ပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ဆရာ / ဆရာ မများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဗထူးတင့်က ဟောပြောပွဲ ကျင်းပဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ဝေဝေဖြိုးမှ ငလျင်ဘေး အန္တရာယ်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်များ၊ ဖြစ်ပေါ်လာပါက လိုက်နာဆောင်ရွက် ရမည့်အချက်များ၊ ငလျင်လှုပ်ခတ်ပြီးနောက် ဆက်လက်ဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဟောပြောပွဲသို့တက်ရောက်လာကြသူများအား ငလျင်ဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)