ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီခိုလှုုံရာစခန်းများ၌ နေထိုင်ကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအားထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

လွိုင်ကော်     မတ်   

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ဦးဆောင်၍  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူတို့က ယာယီနေရပ်စွန့်ခွာ ပြည်သူများနေထိုင်သည့် လွိုင်ကော်မြို့၊ ယာယီခိုလှုုံရာစခန်းများသို့ ယနေ့နံနက် ၉ နာရီအချိန်ကသွားရောက်၍ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က သီရိမင်္ဂလာပုံဟော်ကြီးကျောင်းသို့သွားရောက်၍  ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည် ။

ထို့နောက် ယာယီနေရပ်စွန့်ခွာ ပြည်သူများနေထိုင်သည့် သီရိမင်္ဂလာပုံဟော်ကြီး ဘုန်းတော်ကြီးကျောင်း၊ စေတမာန်သီလရှင်ကျောင်းနှင့် ဧဗနေဇာဘုရားကျောင်းများရှိ ယာယီခိုလှုံရာစခန်းများသို့သွားရောက်ပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အသား ၊ ငါး ရိက္ခာစိုများဝယ်ယူရန် ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန် ဆန် ၊ ဆီ ၊ ဆား ၊ ပဲများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကာ ယာယီနေထိုင်သည့် အိပ်ဆောင်၊ ထမင်းစားဆောင်၊ သောက်သုံးရေကန်၊ ရေချိုးခန်းနှင့်သန့်စင်ခန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ် (ပြန်/ဆက်)