ဖားဆောင်း မတ် ၂၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှ စာရေးဆရာမောင်လင်း(ဘာသာပြန်)ရေးသားသည့် စိတ်ကိုသင်ခြင်း(သို့မဟုတ်) နှလုံးသားထဲရောက်အောင်သင်ကြားခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က စာပေချစ်သူများအကြိုက်စာအုပ်ဖြင့် စာဖတ်သူအချင်းချင်း ဗဟုသုတများ အသိပညာများ မျှဝေဆွေးနွေးနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီး စာရေးဆရာ၏မောင်လင်း (ဘာသာပြန်)ရေးသားသည့် စိတ်ကိုသင်ခြင်းစာအုပ်မှ သတိမူတတ်ခြင်းဟာ အားလုံးရဲ့အစပါခေါင်းစဥ်၌(တခြားသူတွေအကြောင်းကို သိတာကပညာ၊ ကိုယ့်ကိုယ်ကိုယ်သိတာကတော့ ဥာဏ်အလင်းပွင့်မှုစသည့် အကြောင်းအရာဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် Book club အဖွဲ့ဝင် ဦးရဲဝင်းနိုင်က စိတ်ခံစားချက်ဘာကြောင့် အရေးကြီးဆိုသည့် ခေါင်းစဥ်၌ အသက်ရှင်သန်မှု၊ ဆုံးဖြတ်ချက်ချခြင်း၊ စည်းဘောင်ချမှတ်မှု၊ဆက်သွယ်ရေး၊စိတ်ကိုသင်ခြင်း၊ စည်းလုံးညီညွတ်မှုစသည့် အကြောင်းအရာများကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးလှမျိုးဇော်က ကိုယ့်ကိုယ်ကိုယ်လေးစားမှု ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် ပြသထားရှိသည့် စာအုပ်၊ စာစောင်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်း ပြုလုပ်ပေးခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်များ၊ အပြန်လှန်ဆွေးနွေးသည့်အလေ့များ၊ တစ်ဦးအပေါ်တစ်ဦး နားလည်ကိုယ်ချင်းစာစိတ်များ၊ ဖတ်မှတ်လေ့လာမှတ်သားသည့် အလေ့အကျင့်ကောင်းများ၏အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း စာဖတ်ပရိသတ်၊ စာပေချစ်မြတ်နိုးသူတစ်ဦးက ပြောကြားခဲ့သည်။
နန်းသဲနုအောင်(ဖားဆောင်း)