ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မြို့လုံးကျွတ်ဆွမ်းဆန်တော် စုပေါင်းလောင်းလှူပူဇော်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
သာသနာတော်နှစ် ၂၅၆၆ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားဖြစ်သည့် မြို့လုံးကျွတ်ဆွမ်းဆန်တော်များ စုပေါင်းဆက်ကပ် လောင်းလှူပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က လွိုင်ကော်မြို့ ၊ မြို့နာမ်ရွှေစေတီတော်မြတ်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။