မယ်စဲ့ ဧပြီ ၂၇
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့တွင် ဝါသနာတူ Club အသင်းများဖွဲ့စည်း၍ လစဉ်စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ရပ်ရွာအတွင်းရှိ လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိရာ ဖွဲ့စည်းထားသည့် Club အဖွဲ့များ ရှင်သန်ခိုင်မာရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် အမျိုးသမီးများအသင်း(Women Club)အဖွဲ့ဝင် ဒေါ်နန်းမြမြအေးက ဖွဲ့စည်းထားသည့် Club အဖွဲ့ဝင်များအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာ အဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းများ အောင်မြင်နိုင်မှာဖြစ်ကြောင်း ဆွေးနွေးရာ Book Club အဖွဲ့ဝင် မမေလှိုင်ဦးနှင့် Women Club အဖွဲ့ဝင် ဒေါ်အေးသက်နန္ဒာတို့က လစဉ်ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်သည့် Club အဖွဲ့ဝင်များအား အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်ပြသခြင်းနှင့် သုတ/ရသ စာအုပ်စာစောင်ပြပွဲကို ပြသခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)