ကယားပြည်နယ်

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စစ်ကြောင်းကြီး( ၅ )ကြောင်းဖြင့် ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဟောပြောဆွေးနွေး

လွိုင်ကော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်း  နှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဟောပြောဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါဉခူရပ်ကွက်ရှိ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ အခြေခံပညာအထက်တန်းကျောင်းများသို့ ဘင်ခရာအဖွဲ့ တူရိယာပစ္စည်းနှင့် ဝတ်စုံစရိတ်များ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ အမှတ်(၁)နှင့်အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းများသို့ ဘင်ခရာအဖွဲ့တူရိယာပစ္စည်းနှင့် ဝတ်စုံစရိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ ဆရာမများ၊ ဘင်ခရာတပ်ဖွဲ့ဝင်များနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)သို့ ကယားပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)ကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊  ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပ

ကယားပြည်နယ် ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့ နေ့လယ် ၁၂ နာရီအချိန်က စတင်ကျင်းပပြုလုပ်ခဲ့ရာ ယနေ့တွင် ဓမ္မာစရိယ မြန်မာဂုဏ်ထူးတန်းဖြေဆိုသော သံဃာတော် ၁ ပါးအပါအဝင် စာဖြေသံဃာနှင့်သီလရှင် စုစုပေါင်း(၁၅၉)ပါး ဖြေဆိုကြသည်။ 

ဖား​ဆောင်းမြို့၌ မြို့သန့်ရှင်းသာယာ​လှပ​ရေးစု​ပေါင်းသန့်ရှင်း​ရေးဆောင်ရွက်

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့၌ မြို့အင်္ဂါရပ်နှင့်ပြည့်စုံ​စေပြီး မြို့သန့်ရှင်းသာယာလှပ​စေ​ရေး၊ မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​စေ​ရေးအတွက် အပတ်စဥ်စုပေါင်းသန့်ရှင်း​ရေး​ဆောင်ရွက်လျက်ရှိရာ ယ​နေ့နံနက် ၇ နာရီက​​​မြောက်ပိုင်းရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများဖြစ်သည့် လျှပ်စစ်ရုံး​​​ဟောင်း၊ စိုက်ပျိုးရေးရုံးဝန်ထမ်းအိမ်ရာ၊ သမဝါယမဂို​တောင်​စသည့်​နေရာများ၏ ဘေးပတ်ဝန်းကျင်တွင်​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

ဖားဆောင်းမြို့နယ် မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။

လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မူလတန်းကြိုကျောင်း၊ ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ပဒေသာကပွဲပြုလုပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ပဒေသာကပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို  ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီခိုလှုုံရာစခန်းများ၌ နေထိုင်ကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအားထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ဦးဆောင်၍  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူတို့က ယာယီနေရပ်စွန့်ခွာ ပြည်သူများနေထိုင်သည့် လွိုင်ကော်မြို့၊ ယာယီခိုလှုုံရာစခန်းများသို့ ယနေ့နံနက် ၉ နာရီအချိန်ကသွားရောက်၍ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Subscribe to ကယားပြည်နယ်