လွိုင်ကော်မြို့၌ ပညာရေးဘွဲ့(B.Ed)စာပေးစာယူ ပထမနှစ်(၃/၂၃)နှင့် ဒုတိယနှစ်(၁/၂၂)သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုနှုတ်ဆက်ပွဲအခမ်းအနား ကျင်းပ
ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ ဆရာအတတ်ပညာဦးစီးဌာန ၊ ပညာရေးဒီဂရီကောလိပ်မှကျင်းပသည့် ပညာရေးဘွဲ့(B.Ed)စာပေးစာယူ ပထမနှစ်(၃/၂၃)နှင့် ဒုတိယနှစ်(၁/၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုနှုတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ ကယားပြည်နယ်ခန်းမ၌ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်ကြားရေးဆရာ၊ ဆရာမများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။