မယ်စဲ့မြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ ကျင်းပ
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များ ပူးပေါင်း၍နှစ်စဉ်မပျက် ကျင်းပမြဲဖြစ်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။