ဖားဆောင်းမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးဆွေးနွေးပွဲပြုလုပ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဖားဆောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ကမြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။