လွိုင်ကော် ဧပြီ ၂၈
ကယားပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အကောင် အထည်ဖော်ရေးနှင့်ပတ်သက်၍ ပြည်နယ်ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး (၃/ ၂၀၂၃)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်နယ်အတွင်း ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများကို လျာထားသတ်မှတ်ချက်များ ကျော်လွန်အောင် အရှိန်အဟုန်ဖြင့် တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေများကို မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ချေးငွေအဆိုပြု ချက်များအပေါ်စိစစ်၍ တောင်သူများအား ဆက်လက်ထုတ်ချေးနိုင်ရေး၊ ပန်းတိုင်အထွက် နှုန်းထားရရှိစေရေးနှင့် တောင်သူများ၏ အကျိုးစီးပွားအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း များ၏ အဓိကလိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးနိုင်ရေး၊ စက်မှုလယ်ယာ စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ တောင်သူများအား ပညာပေးလုပ်ငန်း များဆောင်ရွက်နိုင်မှုနှင့် လုပ်ငန်းအောင်မြင်မှု အခြေအနေများကို လေ့လာဆန်းစစ်၍ ပေါင်းစပ် ဆောင်ရွက်နိုင်ရေး၊ ပြည်နယ်နိုင်ငံ့စီးပွား မြင့်တင်ရေးလက်စွဲ စာစောင်အား ဒေသအခြေအနေ နှင့်ကိုက်ညီသည့် အချက်များအပေါ် အခြေခံ၍ ပြင်ဆင်ဖြည့်စွက် ရေးဆွဲရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာအသီးသီးက မိမိကဏ္ဍများအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို Power Point ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည် ။
ပြည်နယ် (ပြန်/ ဆက်)