မယ်စဲ့ မေ ၂
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ (၇၇) နှစ်မြောက်မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားစေတီများတွင် သန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက မယ်စဲ့မြို့အဝင် ရတနာရန်အောင်စေတီတော်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင် မြိုနယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဖြိုးမြတ်သူနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရတနာရန်အောင်စေတီတော်အား ရေသပ္ပယ်ခြင်း၊ စေတီတော်ရင်ပြင်တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ စေတီတော်ဝင်းအတွင်းရှိ အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ ဆက်)