ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မြို့လုံးကျွတ်ဆွမ်းဆန်တော် စုပေါင်းလောင်းလှူပူဇော်ပွဲအခမ်းအနား  စည်ကားသိုက်မြိုက်စွာကျင်းပ

လွိုင်ကော်      မေ     

သာသနာတော်နှစ် ၂၅၆၆ ခု၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားဖြစ်သည့် မြို့လုံးကျွတ်ဆွမ်းဆန်တော်များ စုပေါင်းဆက်ကပ် လောင်းလှူပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ နာရီခွဲအချိန်က လွိုင်ကော်မြို့ ၊ မြို့နာမ်ရွှေစေတီတော်မြတ်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြို့လုံးကျွတ်ဆွမ်းဆန်တော်များ စုပေါင်းလောင်းလှူပူဇော်ပွဲသို့ လွိုင်ကော်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၄၉) ကျောင်းမှ သံဃာတော် (၃၈၉)ပါး ၊ သာမဏေ (၅၇၃)ပါး ၊   သီလရှင်ကျောင်း (၃) ကျောင်းမှ သီလရှင် (၂၅၆) ပါး  စုစုပေါင်း သံဃာတော် ၊ သီလရှင်(၁၂၁၈)ပါးတို့က မြို့နာမ်ရွှေစေတီတော်မြတ်ကြီး၏ လက်ယာရစ်အတိုင်း လှည့်လှည်အပူဇော်ခံ ကြွရောက်တော်မူကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုး ၊  ပြည်နယ်အစိုးရ အဖွဲ့ဝင်များ လွိုင်ကော်တပ်နယ် ပြည်နယ် ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အသီးသီးမှဝန်ထမ်းများ ၊ ရပ်မိရပ်ဖများ ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင် တိုင်းရင်းသား ပြည်သူ အလှူရှင်များက သဒ္ဒါကြည်ဖြူ စွာဖြင့် ဆွမ်းဆန်တော်များ ၊ ဝတ္ထုငွေများ ၊ ဆေးနှင့်လှူဘွယ် ပစ္စည်းများကို စုပေါင်းဆက်ကပ် လှူဒါန်းပူဇော်ခဲ့ကြကာ ပြည်နယ်အစိုးရအဖွဲ့က စေတနာရှင်အလှူရှင် ပြည်သူများအား စတုဒိသာများဖြင့် ဧည့်ခံခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)