စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း၊ အ.ထ.က(ချိကယ်)နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လွိုင်ကော်      မေ     

စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း၊ အ.ထ.က(ချိကယ်)နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လွိုင်ကော်တပ်နယ် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကိုရေးဆွဲခဲ့ပြီး ပညာရေးမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကယားပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ (KG+9) အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ယူနိုင်ရန် သက်မွေးပညာရပ် တစ်ခုဖြစ်သည့် စိုက်ပျိုး-မွေးမြူရေး အထက်တန်းကျောင်း ၊ အ.ထ.က(ချိကယ်)ကို  လွိုင်ကော်မြို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူများ အတန်းပညာ၊ အတတ်ပညာနှင့် အသိပညာများမြင့်မားလာစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများက ပူးပေါင်းပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လွိုင်ကော်မြို့၌ စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း၊ အ.ထ.က(ချိကယ်)နှင့် ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ Power Point များဖြင့် ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးကူညီဖြည့်ဆည်းပေးမည့် အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မှာကြားခဲ့သည်။

စိုက်ပျိုး - မွေးမြူရေးအထက်တန်းကျောင်း ၊ အ.ထ.က(ချိကယ်) ကို ၂၀၂၃ ခုနှစ် ဇွန်လ ရက် မှစ၍ သင်ကြားပို့ချပေးသွားဖြစ်ကြောင်း ကျောင်းဝင်ခွင့်လျှောက်လွှာများကို ၂၀၂၃ ခုနှစ် မေ ရက် မှ ၁၈ ရက်အထိ လျှောက်လွှာတင်သွင်းနိုင်ရန် ကြေညာထားရှိကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)