ဖားဆောင်းမြို့ မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာကျောင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့၌ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပြုလုပ်မည့် ကျောင်းအပ်နှံရေးသီတင်းပတ်နှင့် ဇွန်လအတွင်းအခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများဥပတိရုပ် ကောင်းမွန်လှပစေရန်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့များဖြင့် မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၇ နာရီခွဲအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။