၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကယားပြည်နယ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်ဝန်ကြီးချုပ်မှ တွေ့ဆုံအမှာစကားပြောကြား၍ ထောက်ပံ့ငွေများပေးအပ်
၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်မည့် ကယားပြည်နယ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်ဝန်ကြီးချုပ်မှ တွေ့ဆုံအမှာစကား ပြောကြားခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်သူဆရာ၊ ဆရာမများနှင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။