ဖား​ဆောင်းမြို့နယ်၌၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေး ​တောင်သူအသိပညာ​​ပေးဆွေး​နွေးပွဲပြုလုပ်

ဖား​ဆောင်း ​မေ ၁၅

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေးနှင့်ဆည်​မြောင်းဝန်ကြီးဌာန၊ ဖား​ဆောင်းမြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ မြို့နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေး​ တောင်သူအသိပညာ​ပေး​ဆွေး​နွေးပွဲကို ယ​နေ့နံနက် ၉နာရီအချိန်က ​မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်​​ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်အုပ်ချုပ်​ရေးမှူးဦးသက်မြင့်ဦးက မိုးရာသီကျ​ရောက်လာ​​တော့မည်ဖြစ်သည့်အတွက် ဝင်​ငွေတိုးပွား​စေရန်ဖြစ်ထွန်းမည့် သီးနှံများအား​အောင်မြင်ဖြစ်ထွန်း​အောင်​စိုက်ပျိုးဆောင်ရွက်ကြ​စေလို​ကြောင်း၊ စိုက်ပျိုး​​ရေးအတွက်လိုအပ်သည့် အခက်အခဲများရှိပါက တင်ပြကြ​စေလို​ကြောင်း၊ စိုက်ပျိုး​ရေးဦးစား​ပေး​ဆောင်ရွက်ခြင်း​ကြောင့်မိမိတို့မြို့နယ်အတွင်း စား​သောက်ကုန်များ​စျေးနှုန်းချိုသာစွာဖြင့်​ ရောင်းဝယ်နိုင်​ကြောင်းတို့ကိုလည်း​​​ကောင်း၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး​ဇော်မင်းထွန်းက​တောင်သူများစိုက်ပျိုး​ရေးနှင့်ပတ်သက်၍​ မြေသြဇာများနှင့် လိုအပ်သည်များကူညီ​ဆောင်ရွက်​ပေးမည်ဖြစ်​ကြောင်း​ပြောကြားပြီး၊ မြို့နယ်​မြေစာရင်းဦးစီးဌာနမှ စိုက်ပျိုး​မြေအတွက်​မြေအ​ထောက်အထားပုံစံ-၇များ​ လျောက်ထားပြီး စိုက်ပျိုးစရိတ်​ချေး​ငွေများထုတ်ယူ၍ စိုက်ပျိုး​ရေးလုပ်ငန်းများ​ ဆောင်ရွက်နိုင်​ကြောင်း အသီးသီး​ဆွေး​နွေး​ပြောကြားခဲ့သည်။

ထို့​​နောက်တက်​​ရောက်လာကြသည့်​ တောင်သူများက သိရှိလိုသည်များကို​ မေးမြန်း​ဆွေး​နွေးကြရာ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့်တာဝန်ရှိသူများက ပြန်လည်​ဆွေး​နွေး​ပြောကြားခဲ့​ကြောင်းနှင့် အဆိုပါ​ဆွေး​နွေးပွဲသို့ မြို့နယ်အုပ်ချုပ်​ရေးမှူး၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးမှူးနှင့်တာဝန်ရှိသူများနှင့်​ တောင်သူ၅၀ဦး တက်​ရောက်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ပြန်/ ဆက်)