လွိုင်ကော်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်က လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ လွိုင်ကော်ဘူတာဝင်းအတွင်း၌ကျင်းပရာ ဌာနဆိုင်ရာများ၊ ကယားပြည်နယ် အမျိုးသမီးရေးရာကော်မတီဝင်များနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။