နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်  ရပ်ကွက် /ကျေးရွာ နေပြည်သူများအား ကွင်းဆင်းဆွေးနွေးဟောပြော

လွိုင်ကော်        သြဂုတ် ၆

လွိုင်ကော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာန ဆိုင်ရာများပူးပေါင်း ပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေး စစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စစ်ကြောင်းတို့က နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဆွေးနွေး ဟောပြောခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့ ၊ ပန်ကန်းရပ်ကွက် မှုံပြာကျေးရွာ အဘယသုခဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လွိုင်ကော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်မိုးထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ၊ နိုင်ငံတော်၏လက်ရှိအခြေအနေနှင့်  ဒေသနေ ပြည်သူများ၏ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေးစသည့် ဖွံ့ဖြိုးတိုးတက် မှုများအတွက်ဌာနဆိုင်ရာ များ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်းလာရောက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထု များမှလည်း မိမိတို့၏ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးပေးကြစေ လိုကြောင်း၊  သက်ဆိုင်ရာ ဌာနများမှ လိုအပ်ချက်အလိုက်  ပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ် ကြောင်း  ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးကျော်က နိုင်ငံရေးဖြစ်စဉ်အဆင့်ဆင့် ပြောင်းလဲ လာမှု အခြေအနေများကို လည်းကောင်း၊  ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူတို့ကမိမိတို့ဌာနအလိုက် ပြည်သူလူထုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးသွားမည့်လုပ်ငန်းစဉ်အကြောင်းအရာများအား လည်းကောင်း အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများအား ကျန်းမာရေးဦးစီးဌာနနှင့် တပ်မတော်ဆေး တပ်ဖွဲ့ များကပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း  ၊ သက်ဆိုင်ရာ ဌာနများအလိုက်  အသိပညာပေးလက်ကမ်း စာစောင်များအား ဖြန်ဝေပေးခဲ့ကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)