ကေ့ာကရိတ်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်း၍ ရေများ ဝင်ရောက်မှုကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ်ထား

ကေ့ာကရိတ် သြဂုတ် ၇

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် သြဂုတ် ()ရက်နေ့မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ရာ မြေနိမ့်ပိုင်းရှိ စာသင်ကျောင်းများ သြဂုတ်လ ()ရက်နေ့မှစ၍ ယနေ့နံနက်အထိ စာသင်ကျောင်း(၄၁)ကျောင်းအား ယာယီပိတ်ထားကြောင်း သိရသည်။

 ယာယီပိတ်ထားသော စာသင်ကျောင်းများမှာ ကေ့ာကရိတ်မြို့ပေါ်တွင်()ကျောင်း၊ ကျုံဒိုးမမြို့ပေါ်တွင် ()ကျောင်းနှင့် ကျေးရွာများတွင် စာသင်ကျောင်း (၃၃)ကျောင်း တို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာသင်ကျောင်းများမှ ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူ (၄၀၆၇)ဦး ရှိပြီး ပညာသင်ကြားမှု နှောင့်နှေးမှု မရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)