ကယားပြည်နယ်အစိုးရအဖွဲ့မှ ဒီးမော့ဆိုခရိုင်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် နေရပ်ပြန်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဒီးမော့ဆိုခရိုင်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် နေရပ်ပြန်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများနှင့်နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြသည်။