ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင်ဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

လွိုင်ကော်      ဩဂုတ် ၁၇

ကယားပြည်နယ်အစိုးရအဖွဲ့မှ မယ်စဲ့ခရိုင်၊ မြို့နယ်မှ လွိုင်ကော်မြို့သို့ ယာယီတိုက်ပွဲရှောင် ရောက်ရှိလာပြီး တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား ထောက်ပံ့ ချီးမြှင့်ငွေနှင့် ဆန်၊ဆီ၊ဆား၊ပဲ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နယ်မြေဒေသ အခြေအနေအရ လွိုင်ကော်မြို့သို့ ယာယီတိုက်ပွဲရှောင် ရောက်ရှိပြီး တာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် တာဝန်ကျေပွန်မှု ၊ သစ္စာရှိမှုများကို  အသိအမှတ်ပြုပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ရှိနိုင်ငံ့ဝန်ထမ်းများနှင့် မိသားစု ဝင်များ၏ နေထိုင်ရေး ၊ ပညာရေး ၊ ကျန်းမာရေး လိုအပ်ချက် များကို ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးနေကြောင်း ၊ နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ က လုံခြုံရေး တပ်ဖွဲ့ဝင်များ ၊ ပြည်သူများနှင့်အတူ လက်တွဲ၍ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မယ်စဲ့ခရိုင် ၊ မြို့နယ်မှ ယာယီတိုက်ပွဲရှောင် ရောက်ရှိလာပြီး လွိုင်ကော်မြို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေနှင့် ဆန် ၊ ဆီ ၊ ဆား ၊ ပဲများ ပေးအပ်ခဲ့ကြရာ အဆိုပါ မြို့နယ်များရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများက လက်ခံရယူခဲ့ကြောင်းနှင့်  ယာယီတိုက်ပွဲရှောင် ဝန်ထမ်းများက တစ်ဦးချင်း မိတ်ဆက် ခဲ့ကြပြီး  တက်ရောက်လာကြသည့် ဝန်ထမ်းများ ကိုယ်စားဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)