ကယားပြည်နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှစ၍ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်မှစ၍ တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေငြာသကဲ့သို့ ကယားပြည်နယ်တွင်လည်း မြို့နယ်ပညာရေးမှူးရုံးများ၊ သက်ဆိုင်ရာကျောင်းများရှိ ကြော်ငြာသင်ပုန်းများတွင် ကြေငြာပေးထားရာ ကျောင်းသား ၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုခဲ့ကြသည်။