ကယားပြည်နယ်

ဖရူဆိုမြို့နယ် မြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ ယခင်ကထက် နှာခေါင်းစည်း(Mask) ပိုမိုတပ်ဆင်အသုံးပြုလာ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့မဈေးတွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများ ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေး လုပ်ငန်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဈေးတွင်းဝင်ထွက်သွားလာသူများ၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ ယခင်ကထက် နှာခေါင်းစည်း (Mask) ပိုမိုတပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရသည်။

Online မှတစ်ဆင့် စားသုံးသူဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် Online မှတစ်ဆင့် အသိပညာပေး ဆွေးနွေးခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ စက္ကူခေါက်ခြင်းစသည့် အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ စားသုံးသူဆိုင်ရာဆွေးနွေးပွဲ ကို ယနေ့ မွန်းလွဲ ၁ နာရီက လွိုင်ကော်ခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွာသစ်မြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၀၉) စု အတွက် အိမ်တိုင်ယာရောက် ထောက်ပံ့ ငွေများ ပေးအပ် 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ကိုဗစ်−၁၉ ကာလအတွင်း ပုံမှန် ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော် အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေ များကို မြောက်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်နှင့် တာဝန်ရှိသူတို့က ယနေ့ နံနက်ပိုင်းမှ စတင်ကာ လိုက်လံ ပေးအပ်လျက် ရှိကြောင်း သိရသည်။

ရှားတောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်အပြင်ထွက်သူများအား Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယနေ့ နံနက် (၈) နာရီ အချိန်၌ ဈေးပိုင်းရပ်ကွက်ရှိ ကယားပိုင်း လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ဖရူဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပုတ်ပြတ်ဝန်ထမ်း များအား အခြေခံစားသောက်ကုန်များနှင့် ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ပုတ်ပြတ်ဝန်ထမ်းများအား မြို့နယ်ဦးစီးမှူးမှ ဦးဆောင်၍ ကိုဗစ် - ၁၉ ရောဂါကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယမန်နေ့က အခြေခံ စားသောက်ကုန်များ နှင့် ရောဂါကာကွယ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး အသိပညာပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေးနှင့် Take-away စနစ်ဖြင့်သာ ဝယ်ယူစားသောက်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နှင့်​ မော်ချီး​ဒေသရှိ ​ကျေးရွာများသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်နှင့်​​ မော်ချီး​ဒေသရှိ ​ကျေးရွာ​နေ ပြည်သူလူထုများအား လှုပ်လှုပ်ရှားရှား အားကစားအစီအစဉ် EM(Exercise is Medicine) ကို စိတ်ဝင်စားလာစေရန်နှင့် ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန် ဆောင်ရွက်ကြခြင်းဖြင့် ရောဂါဘယများ ကြိုတင် ကာကွယ်နိုင်စေရန် ရည်ရွယ်၍ လှုပ်လှုပ်ရှားရှား အားကစား အစီအစဉ်ဖြင့် အားကစားပစ္စည်းများကို မြို့နယ်တွင်းရှိ​ ကျေးရွာပြည်သူလူထု အဖွဲ့အစည်းများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း နယ်လှည့်ရောင်းချနေသော မိုဘိုင်းဈေးသည် များပြားလာ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း နယ်လှည့်ရောင်းချနေသော မိုဘိုင်းဈေးသည်များ များပြားလာကြောင်း သိရှိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၅၈၁၂ စုအား ထောက်ပံ့ငွေ ပေးအပ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၅၈၁၂ စုအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်သို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ပူး​ပေါင်း စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအတွက် စားစရိတ်ထောက်ပံ့ခြင်းနှင့်​ထောက်ပံ့ပစ္စည်းများကို စက်တင်ဘာလ ၁၈ ရက် ည​နေပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်