ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် ခရီးသည်များ ခရီးသွားလာမှု နည်းပါးသည့်အတွက် မယ်စဲ့-လွိုင်ကော် ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းအချို့ ပုံမှန်ပြေးဆွဲမှုမရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနေ့စဉ်များပြားလာမှု ကြောင့် ခရီးသည်များ ခရီးသွားလာမှု နည်းပါးသည့်အတွက် မယ်စဲ့-လွိုင်ကော်သို့ ပြေးဆွဲနေသည့် ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းအချို့ ပုံမှန်ပြေးဆွဲမှုမရှိကြောင်း မော်တော်ယာဉ် ဂိတ်ရှိ တာဝန်ရှိသူများထံမှ သိရသည်။

ရပ်ကွက်/​ကျေးရွာအုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်၊ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာ အုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါ ရုံးအစည်းအ​ဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ရပ်ကွက်/​ကျေးရွာအုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်၊ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာ အုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါ ရုံးအစည်းအ​ဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက  (Covid-19)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့်  သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ကေကောကျေးရွာအုပ်စု နှင့် သိုသီးဖိုကျေးရွာ အုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာသွားလာနေသော ပြည်သူများအား Mask တပ်ဆင်ရေး အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြန်ဆန်လာသဖြင့် ကယားပြည်နယ်၊ ရှားတောမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေ သော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး သိပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန် က လူသွားလူလာများသော ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတွင် အရှိန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။

ဘောလခဲခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလခဲ မြို့အဝင်/ အထွက် စုပေါင်းဂိတ်တွင် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု နေစဉ်မပြတ်ဆက်လက်ဆောင်ရွက်

ကယားပြည်နယ် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပေါ်စေ ရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်မပြတ် ဆက်လက်ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး စစ်ဆေးဆောင်ရွက်နေသည့် နမ့်မန်းစစ်ဆေးရေးဂိတ်အတွက် ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို နေ့/ည စစ်ဆေးဆောင်ရွက်လျှက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက နမ့်မန်း စစ်ဆေးရေးဂိတ်သို့ ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့မဈေးတွင် ဝင်ထွက်သွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး အသိပညာပေး

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဒီးမော့ဆိုမြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မပြတ် စစ်ဆေးဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုး ဦးဆောင်၍ ကော်မတီဝင်များက ယမန်နေ့နံနက် ၈ နာရီတွင် မြောက်ပိုင်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှေ့နှင့် တောင်ပိုင်းရပ်ကွက် အ.ထ.က(မယ်စဲ့)ကျောင်းရှေ့ တို့၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ် မြို့အဝင်/ အထွက် ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ခရီးသွား ပြည်သူများ ၊ ဒေသခံ ပြည်သူများ ၊ COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် (၈) နာရီ အချိန်က မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ကော်မတီ ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်