ကယားပြည်နယ်

ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့ နံနက်(၇)နာရီ အချိန်က ဈေးပိုင်းရပ်ကွက်မင်္ဂလာဓမ္မရုံ တွင် ဆောင်ရွက်ခဲ့သည်။

ဖရူဆိုမြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျတပ်ဆင်ရေး အသိပညာပေးဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်းနှင့် (Mask) စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် (၇) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ လွှဲပြောင်းပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်း ငါးမွေးတောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)တွင် ပါဝင်သော Action Plan အရ ငါးသားပေါက်များ ထောက်ပံ့လွှဲပြောင်း ပေးအပ်ခြင်း(တတိယအကြိမ်)ကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း  တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း တတိယအကြိမ် ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။

ဖား​ဆောင်းမြို့နယ်တွင်း ပုံမှန်ဝင်​ငွေမရှိ​သော အ​ခြေခံလူတန်းစား အိမ်​ထောင်စုများအတွက် နိုင်ငံ​တော် အစိုးရမှ တတိယအကြိမ် ​ထောက်ပံ့​ငွေများ​ပေးအပ်

ကယားပြည်နယ်၊ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါဖြစ်ပွား​နေစဉ် ကာလအတွင်း၌ ပြည်သူများ စားဝတ်​နေ​ရေး ​ပြေလည်​​စေရန် ရည်ရွယ်၍ နိုင်ငံ​တော်အစိုးရမှ (တတိယအကြိမ်) ပုံမှန်ဝင်​ငွေမရှိသည့် အ​ခြေခံ လူတန်းစားများအတွက် အိမ်​ထောင်စုတစ်စုလျှင် ​ထောက်ပံ့​ငွေကျပ် နှစ်​သောင်း​ထောက်ပံ့ခြင်းကို ယ​နေ့နံနက်(၁၁)နာရီခွဲ အချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ် အုပ်ချုပ်​ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်၊​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးများထံ လွှဲ​ပြောင်း​ပေးအပ်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် ပြည်သူအခြေပြု ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း ဆောင်ရွက်မည့် ရပ်ကွက်၊ ကျေးရွာ ၁၀ ရွာအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကယားပြည်နယ်တွင် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်တို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်တွင် မြို့မ၊ နန်းမယ်ခုံ၊ စံပြ(၆)မိုင်၊ ငွေတောင်၊ ဒီးမော့ဆို၊ နောင်ပုလဲ၊ (၄)မိုင်မြေနီကုန်း၊ ဆင်တောင်၊ သေးဆူလဲနှင့် ကုန်းသာကျေးရွာ တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ ပိုမိုသိရှိစေရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉နာရီက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွှဲပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

လွိုင်ကော်ခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း ပြည်သူများအသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် Online မှတစ်ဆင့် အသိပညာပေး ဆွေးနွေးခြင်း၊

ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဖားဆောင်းမြို့နယ်နှင့်မော်ချီးဒေသ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက် မပြတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဖားဆောင်းမြို့နယ် ပူးပေါင်းစစ်ဆေးရေး ဂိတ်နှင့် မော်ချီးဒေသအမှတ်(၂) စစ်ဆေးရေးဂိတ်၌
Subscribe to ကယားပြည်နယ်