ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ လိုက်လံအသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများသို့ တိုက်တွန်းအကြံပြုချက်များနှင့် သိရှိလိုက်နာရမည့် အချက်များ၊ စည်းမျဉ်း၊ ဥပဒေများကို လိုက်နာ စောင့်ထိန်းခြင်းဖြင့် ရောဂါပိုးကာကွယ်ထိန်းချုပ်နိုင်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများ၌ ကျန်းမာရေးဦးစီးဌာန မော်တော်ယာဉ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ က အသံချဲ့စက်၊ Hand Speaker တို့ဖြင့် လိုက်လံအသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင်  RC Structure အမျိုးအစား   (၄)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန  ခွင့်ပြုရန်ပုံငွေ (၂၅၇.၄) သန်း ဖြင့် ဆွတ်ရိန်နော်ကုမ္ပဏီ မှ တာဝန်ယူ တည်ဆောက်လျက်ရှိသေ

မြို့မစျေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ၊ ဈေးရောင်းသူနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်း (Mask)တပ်ဆင်အသုံးပြုခြင်းရှိမရှိ စစ်ဆေး

ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့မဈေး၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျတပ်ဆင် အသုံးပြုနိုင်ရေး အသိပညာပေးလုပ်ငန်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ  ဈေးတွင်းဝင်ထွက် သွားလာသူများ၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်း(Mask) တပ်ဆင် အသုံးပြုခြင်းရှိမရှိ  စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ဆောင်ရွက်နေသော Cash for Work လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ဆောင်ရွက်နေသော Cash for Work လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစု ထံမှ သိရသည်။

ရွာသစ်မြို့တွင် သံလွင်မြစ်ရေ မြင့်တက်ခဲ့မှုကြောင့် သီးနှံထိခိုက်ပျက်စီးမှုအတွက် တောင်သူများ ထံ ထောက်ပံ့ငွေ လက်၀ယ်အရောက် ပြန်လည်ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် (၂၂.၈.၂၀၂၀)ရက်နေ့က သံလွင်မြစ်ရေ မြင့် တက်ခဲ့မှုကြောင့် သံလွင်မြစ်ကမ်းအနီးရှိ တောင်ယာ လုပ်ကိုင်သူများအား သီးနှံစိုက်ခင်း ထိခိုက် ပျက်စီးမှု ဖြစ်ပွားခဲ့သည်။

ကိုဗစ်−၁၉ စီပွား​ရေး ကုစားမှုအစီအစဉ်(CERP)အရ ဆောင်ရွက်လျက်ရှိသည့် မျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကိုဗစ်−၁၉ ကပ်ရောဂါကြောင့် စားသုံးသူပြည်သူများအပေါ် စားနပ်ရိက္ခာလုံခြုံစိတ်ချမှုရှိစေရေး အတွက် မျိုးစေ့ထုတ် တောင်သူအစုအဖွဲ့များ တိုးချဲ့ဖွဲ့စည်းပြီး မျိုးသန့်မျိုးစေ့ထုတ် စိုက်ဧကများ ပိုမို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများသာမက မျိုးစေ့ထုတ်လုပ်ငန်း တွင် ပါဝင် ပတ်သက်သူများ အကျိုးရှိစေရန်နှင့် စိုက်ပျိုးရေးသွင်းအားစုများကို လုပ်ကွက်ငယ်တောင်သူ လယ်သမားများ အလွယ်တကူရရှိနိုင်ရန် ရည်ရွယ်၍ ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်(၃)ခုတွင် မိုးစပါး မျိုးစေ့ထုတ် (၁၅၀၀) ဧက ဆောင်ရွက်ထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက အလယ်ပိုင်းကျေးရွာအုပ်စု ၊ အလယ်ပိုင်း စုစည်း ကျေးရွာ နှစ်ကျိပ်ရှစ်ဆူဘုရားစေတီရင်ပြင်တွင် ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး နှင့် Take-away စနစ်ဖြင့်သာ ဝယ်ယူစားသောက်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

မယ်စဲ့မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ရုံးပိတ်ရက်များတွင်  လုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေး အသိပညာပေးခြင်းနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက်က ကျေးတော်ခူကျေးရွာအုပ်စုနှင့် မာခရော်ရှေ့ကျေးရွာအုပ်စုတို့တွင် အသိ ပညာပေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်