ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် ပြည်သူများအား မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign) ပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်‌ရေး အတွက် ပြည်သူများအား နေအိမ်အပြင်ထွက်ပါက မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်က မြို့တွင်းလူစည်ကားရာနေရာများ၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ၌ လိုက်လံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့၌ နှာခေါင်းစည်း (Mask) တပ်ဆင်ရေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့်

ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး မြှင့်တင် ရေး (Mask Campaign) ပြုလုပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဆိုင်ရာ အသိပညာပေး မြှင့်တင်ရေး (Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ရွာသစ်မြို့ရှိ လမ်းလေးဆုံနှင့် လူသွားလူလာနေရာများ၊ ‌‌ေစျးဆိုင်များတွင် ပြုလုပ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နှာခေါင်းစည်း(Mask) တပ်ဆင်ရေး အသိပညာပေးဆောင်ရွက်

လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းက လမ်းသွား၊ လမ်းလာပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်သူများအား ပါးစပ်နှာခေါင်းစည်း(Mask)နှင့် Face Shield များ လိုက်လံဝေငှသည့် လှုပ်ရှားမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

မယ်စဲ့မြို့နယ်တွင် UNCRC အကြိုလှုပ်ရှားမှုအနေဖြင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ ခရိုင်အဆင့်စာမေးပွဲကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ UNCRC Day အကြို လှုပ်ရှားမှုအနေဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ခရိုင်အဆင့်စားမေးပွဲကို ယမန်နေ့က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးရုံး၌ ကျင်းပခဲ့ရာ စာမေးပွဲကိုဖြေဆိုနေကြသည့် ကျောင်းသူ၊ ကျောင်းသားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေပါ ရည်မှန်းချက်များ ထိရောက်စွာ အကောင်မထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် မြို့နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဒီးမော့ဆိုမြို့နယ် ပတိုငံကျေးရွာတွင် လူသတ်မှုဖြစ်ပွား

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ပတိုငံကျေးရွာတွင် နိုဝင်ဘာလ ၂၄ရက်နေ့က လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ကျေးလက်နေပြည်သူများအတွက် အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်ပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုခြင်းဖြင့် မိသားစု ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ ဒေါငံခါး(၂)ရပ်ကွက်ရှိ ခန်းမဆောင်၌ အခြေခံ နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၀) ကို ဖွင့်လှစ်ပေးသည်။

မယ်စဲ့မြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ကျင်းပခဲ့သည်။
Subscribe to ကယားပြည်နယ်