ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် (၃၁) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြို လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

လွိုင်ကော်မြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများအား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ သမဝါယမဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဝန်ထမ်းများ သက်သာ ချောင်ချိစေ ရေး အတွက် ဆန် နှင့် ဆီများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။

(၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူ စာချုပ် (UNCRC Day) အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဘောလခဲမြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ (UNCRC Day)အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉:၃၀)နာရီက မဟာကန္တာရတိဏ္ဏ ဘုန်းတော်ကြီးကျောင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင်ကျင်းပပြုလုပ်ခဲ့သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးလုပ်ငန်းများ  လိုက်လံနှိုးဆော်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု  ဦးစီးဌာနက  အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ် စေရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များကို ယမန်နေ့က မိုဆိုကျေးရွာအုပ်စု နှင့် ဟိုယာကျေးရွာအုပ်စု တို့တွင် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် တောင်သူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို အွန်လိုင်းမှ တဆင့် ရိုက်ကူး ထုတ်လွှင့်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော တောင်သူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြု လူနာ နှစ်ဦး တွေ့ရှိ

ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်း ခံထားရသူ (၁၁၈)ဦး၏ ဓာတ်ခွဲ နမူနာများကို (၁၆.၁၁.၂၀၂၀) ရက်နေ့တွင် တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ (၁၇.၁၁.၂၀၂၀) ရက်နေ့ တောင်ကြီးမြို့ ၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)၏ ဆေးစစ်ဆေးချက်အဖြေ ထုတ်ပြန်ချက်အရ (၁၁၆)ဦး၏ အဖြေမှာ Negative ဖြစ်ပြီး (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ) ရကြောင်း သိရှိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးတွေ့ လူနာအသစ် နှစ်ဦး တွေ့ရှိ

လွိုင်ကော်မြို့၊ ဝါရီကောခူ ယာယီ ကုန်တင်ယာဉ် ရပ်နားစခန်း၌ ကုန်ကားများမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ယမန်နေ့က ကိုဗစ်-၁၉ Antigen Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ ယာဉ်မောင်း(၁)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ (ပိုးတွေ့ရှိ)ကြောင်းနှင့် လွိုင်ကော် တက္ကသိုလ် Quarantine Centre ရှိ Stay at Home မြို့နယ်များမှ ပြန်လာသူများအား ကိုဗစ်-၁၉ Antigen Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။

ဖားဆောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်အသိပညာပေး “Talk Show” ပြုလုပ်

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်အသိပညာပေး Talk Show ကို ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြု၍ ပိုလျှံသော ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။

မယ်စဲ့မြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြု၍ ပိုလျှံသော ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။
Subscribe to ကယားပြည်နယ်