ဒီးမော့ဆိုမြို့၌ နှာခေါင်းစည်း (Mask) တပ်ဆင်ရေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဒီးမော့ဆို နိုဝင်ဘာလ ၂၈

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း(Mask)  မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့မဈေးနှင့် လူသွား လူလာ များပြားသည့် နေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှု ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းလျက် ဈေးဝယ်သူများနှင့် ဈေး သည်များ၊ လူအများ သွားလာဖြတ်သန်းမှု များပြားသည့် နေရာများတွင် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးကာ ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာ ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး အသိပညာပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကြီးဒဲရယ်