ရွာသစ် နို၀င်ဘာ ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဆိုင်ရာ အသိပညာပေး မြှင့်တင်ရေး (Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ရွာသစ်မြို့ရှိ လမ်းလေးဆုံနှင့် လူသွားလူလာနေရာများ၊ ေစျးဆိုင်များတွင် ပြုလုပ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရွာသစ်တိုက်နယ် ဆေးရုံမှ ဒေါက်တာ ပြည့်စုံ ဦးဆောင်၍ ကျန်းမာရေး ၀န်ထမ်းများနှင့်အတူ ပြင်ပသို့ ထွက်ခွာသွားလာနေကြသော ပြည်သူများနှင့် ေစျးဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးမြှင့်တင်ရေး ဆောင်ရွက် ခြင်းနှင့် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိဘဲ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask) များ တပ်ဆင် သွားလာရန် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ပြောကြားခဲ့ကြပြီး Mask များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)