ကယားပြည်နယ်

မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့်ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ Book Club၊ Women Club နှင့် Youth Club တို့ ပူးပေါင်း၍ စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာ အထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရွာသစ်မြို့၌ တောင်သူများ၏ ဆောင်းသီးနှံ ပဲသီစိမ်း စိုက်ခင်းများ စတင်ဆွတ်ခူး

ကယားပြည်နယ်၊ ဘောလခဲခခရိုင်၊ ရွာသစ်မြို့၌ တောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုး ထားရှိသော ပဲသီစိမ်း သီးနှံများ ရင်မှည့်နေပြီဖြစ်၍ ယနေ့နံနက်ပိုင်းက စတင်ကာ တောင်သူများ စတင် ဆွတ်ခူးနေပြီ ဖြစ်ကြောင်း သိရသည်။

ရှားတောမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာ သွားလာနေသော ပြည်သူများအား အသိပညာပေးခြင်းနှင့် Mask တပ်ဆင်ခြင်း မရှိသော ပြည်သူများအား Mask များ ချက်ချင်းဝယ်ယူတပ်ဆင်စေခြင်း လုပ်ငန်းများဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ်ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာ နေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID-19)

မယ်စဲ့မြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားရှိမှု ရှိ / မရှိကို ယနေ့နံနက်က ရှောင်တခင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံး ငွေရင်း ရန်ပုံငွေများနှင့် သာမာန်အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ချပြရှင်းလင်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေများနှင့် သာမာန်အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် ​ဒေသဖွံ့ဖြိုး​ရေး လုပ်ငန်းများ ချပြရှင်း လင်းခြင်းကို ယမန်နေ့ ည ၆ နာရီက မယ်စဲ့မြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ဖား​ဆောင်းမြို့နယ်တွင် ကျန်းမာ​ရေးလိုက်စားသူများအား လိုက်ပါ​ဆောင်ရွက်နိုင်ရန်အတွက် Physical Fitness Dance ကို Online မှ တစ်ဆင့်တင်ဆက်

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက ကိုဗစ်-၁၉ ကာလ အတွင်း stay at home ​နေထိုင်​သော မိဘပြည်သူများအ​နေဖြင့် ကျန်းမာကြံ့ခိုင်​​​စေရန်နှင့်ကျန်းမာ​ရေး လိုက်စားသူများ လိုက်ပါ​ဆောင်ရွက်နိုင်ရန် အတွက် Physical fitness Dance အား Online မှ တစ်ဆင့် တင်ဆက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ အရှိန်မြှင့်တင် စစ်ဆေးဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေး အတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်က ဒီးမော့ဆိုမြို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းရှေ့တွင် ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွာသစ်မြို့ရှိ ဆောင်းသီးနှံစိုက်ခင်းများအား ပိုးမွှားများ ကျရောက်မှု မရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ၏ သီးနှံစိုက်ခင်း များအား ပိုးမွှားများကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက စံပြစိုက်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖား​ဆောင်းမြို့တွင် စာ​ပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ဖား​ဆောင်းမြို့၌ Book Club,Women Club နှင့် Young Club အဖွဲ့တို့မှ စာ​ပေချစ်မြတ်နိုးသူများက စာ​ရေးဆရာ’’​ကျော်ဝင်း”​ရေးသားသည့် ‘’၂၁ ရာစု သား​ရွှေဥ”စာအုပ်အား စာဖတ်ဝိုင်း​ဆွေး​နွေးခြင်းကို ယ​နေ့​နေ့လည်(၁၁)နာရီ အချိန်က ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၃၁)နှစ်​မြောက် က​လေးသူငယ် အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကွန်ဗင်းရှင်းအထိမ်းအမှတ်​ နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကယားပြည်နယ်၊​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်(၃၁)နှစ်​မြောက် က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံကွန်ဗင်းရှင်း အထိမ်းအမှတ်​နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနားကို ယမန်​​နေ့ည​နေပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦး​စီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကယားပြည်နယ်