ကယားပြည်နယ်

ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်သည့် အင်အားသစ် စာကြည့်တိုက် အဆောက်အဦးသစ်ဖွင့်လှစ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပိန်းချစ်ကျေးရွာတွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် အင်အားသစ် စာကြည့်တိုက် အဆောက်အဦးသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ အဆောက်အဦးသစ်၌ ကျင်းပခဲ့သည်။

မယ်စဲ့မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ်ရန်ပုံငွေ ဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းရွှေနှင့် ကော်မတီဝင်များက ကြည့်ရှုစစ်ဆေး ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုင်းပွန်းနှင့် အင်ဂျင်နီယာ ဒေါ်သိမ့်တွယ်တာ တို့က လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတစ်ဦးထပ်မံတွေ့ရှိ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၁-၁၂-၂၀၂၀)ရက်နေ့တွင် လွိုင်ကော်မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော Community Based Facility Quarantine များမှ Quarantine ဝင်ရောက်နေသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အသက် (၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ရကြောင်း သိရသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ တက်ရောက် ရာတွင် စံပြသင်တန်းသားဆု ရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ ၂ ရက်နေ့ ၊ နံနက် ၉ နာရီအချိန်က ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ၌ဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ တက်ရောက်ရာတွင် စံပြသင်တန်းသားဆု ရရှိသူအား ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ခြင်းများ ဆောင်ရွက်သည်။

ဘောလခဲတွင် Quarantine အသွားအလာကန့်သတ်ထားရှိ၍ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ပြင်ပမှ လာရောက်သောသူများအား Quarantine Center အသီးသီးတွင် ထားရှိ၍ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုခံယူစေလျက်ရှိပါသည်။

ဖရူဆိုမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စံပြကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်  (CERP) အရ မိုးစပါးမျိုးစေ့ထုတ် စံပြကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက တောင်သူဦးမီရယ် လယ်၌ ပြုလုပ်သည်။

ဒီးမော့ဆိုမြို့၌ ပက်ရက်ကူ - လဲဆိုဒေး ကျေးရွာချင်းဆက်လမ်းနှင့် ကွန်ကရစ်တံတား ဆောင်ရွက်လျက်ရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာနသည် နယ်စပ် ဒေသ ဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍကောင်းမွန်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အတွင်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးတွေ့ရှိ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယမန်နေ့က လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ အခြားရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသူနှင့် လူနာစောင့်အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test စစ်ဆေးခဲ့ရာ လူနာစောင့် အမျိုးသမီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ရကြောင်း သိရသည်။

ရွာသစ်မြို့ မြို့အ၀င်/အထွက် ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရှိန်အဟုန်မပြတ် ဆောင်ရွက်

ကယားပြည်နယ်၊ ရွာသစ်မြို့ မြို့အ၀င်/အထွက်ဂိတ် စုပေါင်း စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကို နေ့စဉ် အရှိန်အဟုန်မပြတ် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

နန်းမယ်ခုံမြို့တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလတွင် စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းစံကွက် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် နန်းမယ်ခုံမြို့ ၊ ခေါ်ခုကယား ရပ်ကွက်နေ တောင်သူ ဦးဖရေးရယ်၏ လယ်မြေ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်