ကယားပြည်နယ်

မယ်စဲ့မြို့နယ် ဝမ်ကန်နှင့် ဟွေပါလန်ကျေးရွာ ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည် ထုတ်ချေးပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မယ်စဲ့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ မြစိမ်းရောင် စီမံကိန်း ဆဋ္ဌပအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဝမ်ကန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားအား Video Conferencing စနစ်ဖြင့်ကျင်းပ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်  လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ လူစုလူဝေးဖြင့် ကျင်းပခြင်း မပြုဘဲ  Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ပစ္စည်းနှင့် ထောက်ပံ့ငွေ ပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့၏  ပံ့ပိုးမှုဖြင့် ပြည်နယ်မိခင်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့၊  ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နှင့် ဒီးမော့ဆိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့တို့

ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် (၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာနှင့်  ပြည်နယ်သံဃနာယကအဖွဲ့ရုံးအဆောက်အဦသစ် ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ

ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် (၃၁)ကြိမ်မြောက်  စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာနှင့် ပြည်နယ်သံဃနာယကအဖွဲ့ရုံးအဆောက်အဦသစ် ရေစက်သွန်းချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၅ : ၃၀) အချိန်မှစတင်ပြီး လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်  ရှိကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှားတောမြို့နယ်၊ စလောင်းကျေးရွာ ခန်းမဆောင်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ဓမ္မဓိဌာန်မေးခွန်းများဖြေဆို

ကယားပြည်နယ်၊ ရှားတောမြို့နယ် စလောင်းကျေးရွာခန်းမဆောင်တွင် လူမှုဝန်ထမ်း ဦးစီးဌာန က ကြီးမှူး၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက စလောင်း ကျေးရွာ ရှိ ကလေးသူငယ်များအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း နှင့် ဓမ္မဓိဌာန် မေးခွန်းများ ဖြေဆိုခြင်းကိုယမန်နေ့ညနေ(၄:၃၀)နာရီအချိန်ကဆောင်ရွက်ခဲ့သည်။

ဘောလခဲခရိုင်တွင်း နယ်စပ်ဒေသဖွံဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဒေသဖွံဖြိုးရေး လုပ်ငန်း ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန် စေရန် ဘောလခဲမြို့နယ်တွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်​စပ်ဒေသဖွံဖြိုးရေး (ပြည်ထောင်စု)

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပေါ်စေရေးအတွက် နေအိမ်ပြည်ပ ထွက်ခွာသွားလာနေသာ ခရီးသွားပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို  စဉ်ဆက်မပြတ် ဆောင် ရွက် လျက်ရှိရာ

ရှားတောမြို့နယ်၊ စလောင်းကျေးရွာခန်းမဆောင်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဓမ္မဓိဌာန်မေးခွန်းများဖြေဆို

ကယားပြည်နယ်၊ ရှားတောမြို့နယ် စလောင်းကျေးရွာခန်းမဆောင်တွင် လူမှုဝန်ထမ်း ဦးစီးဌာနက ကြီးမှူး၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက စလောင်း ကျေးရွာရှိ ကလေးသူငယ်များအား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာ ပေး ဟောပြောခြင်းနှင့် ဓမ္မဓိဌာန်မေးခွန်းများ ဖြေဆိုခြင်းကို ယမန်နေ့ ညနေ(၄:၃၀)နာရီက ဆောင်ရွက်ခဲ့သည်။

လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ နေ့/ညမပျက် စစ်ဆေးဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို နေ့စဉ် နေ့/ညမပျက်စစ်ဆေးမှုများ ဆောက်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက လွိုင်ကော်မြို့ မြို့လယ်နာရီစင် ၊ ယနေ့နံနက်ပိုင်းက သီရိမင်္ဂလာဈေးနှင့် မွန်းလွဲပိုင်းက မိုင်းလုံးမီးပွိုင့်တို့၌ ဆောင်ရွက်ခဲ့သည်။

ဘောလခဲခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲ က  ခရိုင်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ကယားပြည်နယ်