ဖရူဆိုမြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (UNCRC Day) နှစ်ပတ်လည်အကြိုလှုပ်ရှားမှု အခမ်းအနား ကျင်းပ
ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့နှင့် အပြည်ပြည်ဆိုင်ရာ ကလေးများ နေ့ (UNCRC Day) နှစ်ပတ်လည် အကြိုလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။