မယ်စဲ့မြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မယ်စဲ့  နိုဝင်ဘာ  ၂၆                                      

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ကျင်းပခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်လူမှုဝန်ထမ်းရုံးဦးစီးအရာရှိ ဒေါ်သန္တာမြင့်က အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင့်ရှင်း (CEDAW)၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းစဉ် (၁၂)ရပ် (NSPAW) နှင့် အမျိုးသမီးများ၏ အခွင့်အရေးများ သိရှိနားလည်စေရန်တို့ကို မြို့နယ်အမျိုးသမီးကော်မတီအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)