မယ်စဲ့မြို့နယ်တွင် UNCRC အကြိုလှုပ်ရှားမှုအနေဖြင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ ခရိုင်အဆင့်စာမေးပွဲကျင်းပ

မယ်စဲ့            နိုဝင်ဘာ        ၂၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ UNCRC Day အကြို လှုပ်ရှားမှု အနေဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ခရိုင်အဆင့်စားမေးပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံး၌ ကျင်းပခဲ့ရာ စာမေးပွဲကိုဖြေဆိုနေကြသည့် ကျောင်းသူ၊ ကျောင်းသားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက လှည့်လည် ကြည့်ရှု ခဲ့ကြောင်း သိရသည်။

ကလေးသူငယ်များအနေဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများကို သိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် ခရိုင်အဆင့် စာမေးပွဲဖြေဆိုရာတွင် မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ စာမေးပွဲ၌ ..က (မယ်စဲ့)ကျောင်းနှင့် ..က(ဟိုစဲ့)ကျောင်းတို့မှ ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သည့် ကျောင်းသူ၊ ကျောင်းသား ဦး ဖြေဆိုခဲ့ ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)