ဘောလခဲ နိုဝင်ဘာ ၂၈
ဘောလခဲမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင် ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက် ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထ ရရှိစေရန်ရည်ရွယ်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့များ သည် ယနေ့ နံနက်(၉)နာရီခွဲက ဈေးရောင်း၊ ဈေးဝယ် သူများအား ပါးစပ်နှာခေါင်းစည်း(Mask)နှင့် Face Shield များ လိုက်လံဝေငှ သည့် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာထွန်း၊ မြို့နယ် ကျန်းမာရေးမှူး ဦးစိုးပိုင်၊ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲ့ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် ရဲစခန်းမှူး၊ မီးသတ်တပ်ဖွဲ့နှင့် ရှမ်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း ပြီး မြို့ပေါ်ရပ် ကွက်အတွင်း ဈေးရောင်း ချနေသော ဆိုင်များတွင် Mask နှင့် Face shield များကို ဝေငှပေးခြင်း၊ ဈေးရောင်းသူနှင့် ဈေးဝယ်သူများကို Mask တပ်စေပြီးမှ ဈေးဈေးဝယ်ပြု လုပ်ပေးရန် အသိပညာပေး ပြောကြားခဲ့သည်။
ထိုနည်းတူစွာ ကျန်းမာရေး ဦးစီးဌာနအနေဖြင့်လည်း ဘောလခဲမြို့အတွင်း လမ်းသွားလာသူများနှင့် ဈေးဆိုင်များတွင် Maskနှင့် face Shield များအား အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ဖိုးရယ်