ကယားပြည်နယ်

ကယားပြည်နယ်ဝန်ကြီးချုပ် အဆင့်မြင့်သီရိမင်္ဂလာဈေးသစ် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့၊ အဆင့်မြင့်သီရိမင်္ဂလာဈေးသစ်ကြီးအား ယခုဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သီရိမင်္ဂလာဈေးသို့ သွားရောက်ပြီး ဈေးသစ်အပြီးသတ် ဆက်လက် တည်ဆောက်နိုင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှု စစ်ဆေးသည်။

ဖယ်ခုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများသည် ဖယ်ခုံမြို့နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား ဇူလိုင် ၈ ရက် နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer LP. 8.1ကို ဖယ်ခုံမြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။

လွိုင်ကော်မြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကယားပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာ၏ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ (Bakery & Snack) သင်တန်းဆင်းပွဲခမ်းအနားကို ဇူလိုင်လ ၈ ရက်၊ နံနက် ၉ နာရီက လွိုင်ကော်မြို့ ဒေါတမရပ်ကွက်ရှိ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးရဲဝင်းနှင့်  ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများနှင့် မြို့သာယာလှပရေး မြေယာရှုခင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်က လွိုင်ကော်စိုက်ပျိုးရေးသုတေသနခြံနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက် ရှိသည့် မြေယာရှုခင်းလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် အသက် (၁၉) နှစ်အောက် အခြေခံပညာကျောင်းပေါင်စုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကယားပြည်နယ်လူငယ်ရေးရာ ကော်မတီမှကျင်းပသော ၂၀၂၆ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၉) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ကယားပြည်နယ်) မှ ပြောင်းသီးနှံစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား ချေးငွေပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြောင်းသီးနှံစိုက်ပျိုးမည့် သမဝါယမ အသင်းသား တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ကယာပြည်နယ်) မှ ချေးငွေများ ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်က ပြည်နယ်သမဝါယမ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရဲဝင်းနှင့် ဌာနဆိုင်ရာများ၊ သမဝါယမအသင်းသား တောင်သူများ တက်ရောက်ခဲ့သည်။

လွိုင်ကော်မြို့၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကျင်းပ

ကယားပြည်နယ် တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မထောခူကျေးရွာအုပ်စု၊ သတ္တပလူကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်သန္တာထွန်းနှင့်တာဝန်ရှိသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

၂၀၂၆ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊  ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

လွိုင်ကော်မြို့၌ ပထမအကြိမ်လက်ရက်ကန်းသင်တန်းဆင်းပွဲ၊ ဒုတိယအကြိမ်လက်ရက်ကန်း သင်တန်းဖွင့်ပွဲ၊ သဘာဝဆိုးဆေးနှင့် Botanical Printing သင်တန်းဖွင့်ပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကယားပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၏ ပထမအကြိမ် ခြောက်လလက်ရက်ကန်းသင်တန်းဆင်းပွဲ၊ ဒုတိယအကြိမ် ခြောက်လလက်ရက်ကန်း သင်တန်းဖွင့်ပွဲ၊ သဘာဝဆိုးဆေးနှင့် Botanical Printing သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက လွိုင်ကော်မြို့ ဒေါတမရပ်ကွက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်စွမ်းအင်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရဲဝင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြနှင့် သင်တန်းသူများ တက်ရောက်သည်။
Subscribe to ကယားပြည်နယ်