ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်က လွိုင်ကော်မြို့၊ အဆင့်မြင့်သီရိမင်္ဂလာဈေးသို့ရောက်ရှိကာ ဈေးအတွင်း ဈေးရုံသစ်များ တိုးချဲ့ဆောက်လုပ်နေမှု၊ ဈေးခန်းမနှင့် ၂ ထပ်ဈေးရုံများ အပြီးသတ်ဆောက်လုပ်နေမှုနှင့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်၊ အချောသတ်ရန်ကျန်ရှိသည့် လုပ်ငန်းပိုင်းများကို အပြီးသတ် မွမ်းမံပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ဈေးဆိုင်များစနစ်တကျ ဖွင့်လှစ်ရောင်းချစေရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။