ဖယ်ခုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ဖယ်ခုံ    ဇူလိုင်    

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများသည် ဖယ်ခုံမြို့နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား ဇူလိုင် ၈ ရက် နံနက် ၉ နာရီတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer LP. 8.1ကို ဖယ်ခုံမြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများက ဖယ်ခုံ မြို့ပေါ်ရှိနိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကွက်(၇)ရပ်ကွက်နှင့် ကုန်းဆုံကျေးရွာအုပ်စု(၁)စုတို့မှ ပြည်သူများ အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer LP. 8.1 ကို ဇူလိုင် ၈ ရက်မှစ၍ မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်