လွိုင်ကော်မြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

လွိုင်ကော် ဇူလိုင် ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကယားပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာ၏ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ (Bakery & Snack) သင်တန်းဆင်းပွဲခမ်းအနားကို ဇူလိုင်လ ၈ ရက်၊ နံနက် ၉ နာရီက လွိုင်ကော်မြို့ ဒေါတမရပ်ကွက်ရှိ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးရဲဝင်းနှင့်  ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားပြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာ ညွှန်ကြားရေးမှူးက သင်တန်းနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သင်တန်းမှထွက်ရှိသည့် (Bakery & Snack) ကုန်ချောပစ္စည်းများကိုပေးအပ်ရာ သင်တန်းသားတစ်ဦးကလက်ခံရယူပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ခင်းကျင်းပြသ ထားသည့် (Bakery & Snack) ကုန်ချောပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ကယားပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာအနေဖြင့် ထုတ်ကုန်များအား အရည်အသွေး စစ်ဆေးဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ အသေးစားလုပ်ငန်းများ လုပ်ငန်းမှတ်ပုံတင်ပေး ခြင်းနှင့်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်းသိရသည်။

မေစု(ပြန်/ဆက်)