ဆွမ်ပရာဘွမ်မြို့တွင် ကျန်းမာရေးနှင့်ညီညွှတ်သော စားသောက်ကုန်များ ရောင်းချပေးနိုင်ရန်နှင့် အိုင်အိုဒင်းဆားဓါတ်ပါ၀င်မှု ရှိမရှိကွင်းဆင်းစစ်ဆေး
ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျန်းမာရေးနှင့်ညီညွှတ်ပြီး သန့်ရှင်းသပ်ရပ်သော စားသောက်ကုန်များရောင်းချနိုင်ရန်နှင့် အိုင်အိုဒင်းဆားဓါတ်ပါ၀င်သော ဆားများရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်၁၁နာရီချိန်က မြို့ပေါ်(၃)ရပ်ကွက်ရှိ စျေးဆိုင်များ၌ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။