ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး ညှိနှိုင်းဆွေးနွေး၊ နေရပ်စွန့်ခွာပြည်သူများ စီအင်ကျေးရွာသစ်တွင် ပြောင်းရွေ့နေထိုင်နိုင်ရေး လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်
ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့်မားလာစေရေးနှင့် ပြည်နယ်စီးပွားမြှင့်တင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီခွဲက ဗန်းမော်မြို့သို့ ရောက်ရှိခဲ့ကြသည်။