(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဗန်းမော် ဇန်နဝါရီ ၃၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စု နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်း တာဝန်ပေးအပ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က  (၇၆) နှစ် မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားပါ ကြောင်း၊ အားကစားပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပနိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားတွင် နံရံကပ် ပြဘုတ်များ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ကော်မတီအသီးသီးအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဆွေးနွေးတင်ပြကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။  

ထို့နောက်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၊ သဝဏ်လွှာဖတ်ကြားပွဲ အခမ်း အနား ပြင်ဆင်ရေးနှင့် ကျင်းပရေးဆပ်ကော်မတီ၊ ပြန်ကြားရေး၊ လှုံ့ဆော်ရေး၊ ဖိတ်ကြားရေးနှင့် နေရာချထားရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေးဆပ်ကော်မတီများက ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်