မိုးမောက်မြို့၌ လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်

မိုးမောက် ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ မံပုံကတ်သလစ် ယာယီတိမ်းရှောင်စခန်းတွင် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ လူသုံးကုန်ပစ္စည်း  ထုတ်လုပ်နည်း သင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီတွင်  ဖွင့်လှစ်ပွဲ    ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဇင်မောင်မောင်က အဖွင့်အမှာစကားပြောကြာခြင်းနှင့် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်မှူး ဦးအောင်တင်စိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် စားသောက်ကုန်သင်တန်းများ ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ၁-၂-၂၀၂၃ရက်နေ့မှ ၅-၂၂၀၂၃ရက်နေ့ထိ(၅)ရက်ကြာ သင်ကြားပို့ချမည် ဖြစ်ကြောင်း၊ နည်းပြအဖြစ် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးများဖြစ်ကြသော ဒေါ်ညိုမြ၊ ဒေါ်သိမ့်သိမ့်ထွန်း၊ ဦးစိုင်းခွန်ဟိန်းတို့က (၁)လက်ဆေးဆပ်ပြာ၊ (၂)အဝတ်လျှော်ဆပ်ပြာ၊ (၃)မျက်နှာသစ်ဆပ်ပြာ၊ (၄) ပုလဲ ရေချိုးဆပ်ပြာ၊ (၅)ပုလဲခေါင်းလျှော်ရည်၊ (၆)ပန်းကန်ဆေးဆပ်ပြာရည်၊ (၇) ဘက်စုံသုံး ဆပ်ပြာခရမ်တို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့်  သင်တန်းသား စုစုပေါင်း (၂၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

လွန်းနန်းထွေး