ဝိုင်းမော် ဇန်နဝါရီ ၃၁
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ "တေဇ" ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးသန်းဌေးကိုက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးသန်းအောင်က လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သက်မွန် ဦးဆောင်၍ Grade(10/11)ကျောင်းသား/ကျောင်းသူ (၄)ဦးတို့က “လူငယ်နှင့် မူးယစ်ဆေး၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် ခေါင်းဆောင်မူကဏ္ဍ" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ ဆွေးနွေးမှုများအပေါ် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကျောင်းသား၊ ကျောင်းသူများက တိုက်ကွမ်ဒို အားကစားနည်း ဖြင့် သရုပ်ပြဖျော်ဖြေခဲ့ပြီး ကျောင်းအတွက် အားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ကြကြောင်းနှင့် အဆိုပါ လူငယ်စကားဝိုင်းနှင့်အတူ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များကို တာဝန်ရှိသူ များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ အင်အား (၃၀၀)ဦးခန့်က စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။
ဖြူစင်(ပြန်/ဆက်)