ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

၂၀၂၃ ခုနှစ် ဖော်ဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပ ပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီက ပြည်နယ်အစိုးရဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

မိုးညှင်းမြို့၌ (၂၃)ကြိမ်မြောက် ဇောတိရှမ်း စုပေါင်းရှင်ပြုပွဲတော် ကျင်းပ

 ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ နတ်ကြီးကုန်းရှမ်းပိုင်း ပညာလင်္ကာရ ဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် (၂၃)ကြိမ်မြောက် ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲတော်ကို ဇန်နဝါရီလ (၂၉)ရက်မှ ဖေဖော်ဝါရီလ (၄)ရက်အထိ အကျဉ်းချုံး ကျင်းပသော်လည်း စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများဖြင် ဇာတ်လမ်း မောင်ခေတ်ထွန်းရေးသားထားသည့် “မောင်မောင်၏ လက်ဆေးကဗျာ" စာအုပ်ဖြင့် ယနေ့ နံနက် (၁၀) နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ဆဒုံးမြို့နယ်တွင် တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများ အဆင်ပြေလျက်ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ရှိ ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းများနှင့် တွဲဖက်၍ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဝက်များ စျေးကောင်းပေးဝယ်နေ၍ ဝက်မွေးမြူသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်၊၊

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေတိုက်စားမှု ကာကွယ်ရေး မြစ်ကမ်းတစ်လျှောက် ကျောက်စီမြေ ထိန်းနံရံတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် နှစ်စဉ်မိုးရာသီ၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့် မိုးရွာသွန်းမှုများပြားပါက ရေကြီးရေလျှံမှုဖြစ်စဉ်များဖြစ်ပေါ် လေ့ရှိသဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧရာဝတီမြစ်ရိုးတစ်လျှောက် ရပ်ကွက်များအတွင်း ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုများကို ယနေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းနယ်မြေ(၈) ခေတ်မီစံပြကျေးရွာ (Smart Village) နေ ပြည်သူ့များနှင့်‌ တွေ့ဆုံ၊ ကျေးရွာအတွင်း လုပ်ငန်းစီမံကိန်းများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ နယ်မြေ (၈) ခေတ်မီစံပြကျေးရွာ (Smart Village)နေ ဒေသခံတိုင်းရင်းသားပြည်သူလူထုများနှင့်‌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာရှိ ချန်းမောခန်းမ ဆောင်၌ တွေ့ဆုံ‌ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ် သယံဇာတရေးရာ၀န်ကြီး နောင်မွန်းမြို့နယ်၊ ပန်နန်းဒင်မြို့ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ထောက်ပံ့ငွေနှင့် အနွေးထည်စောင်များ ထောက်ပံ့ပေးအပ်၊ ဒေသဖွံ့ဖြိုးရေး လမ်းတံတားတည်ဆောက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ဦးတိန့်ဆောင်သည် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမယစ်ယောရှုနှင့် အတူ ယမန်နေ့ နံနက်(၉)နာရီက နောင်မွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး အနွေးထည်စောင်များ ထောက်ပံ့ပေးအပ်သည်။

ကချင်ပြည်နယ် စီးပွားရေးရာ၀န်ကြီး ပူတာအိုဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပြီး လွင်ပြင်ပတ်လမ်းပေါ်ရှိ နမ့်ပလပ်ချောင်းကူးတံတားတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသစီမံ ခန့်ခွဲရေးအဖွဲ့ (DMO)၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် ဒေသခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ နံနက်(၉)နာရီက ပူတာအိုမြို့ ဒုတ္ထန် ရပ်ကွက်ရှိ Snow Land Hotel ၌ တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ် ဦးစီးမှူးရုံး အဆောက်အအုံသစ် တက်ရောက်ဖွင့်လှစ်၊ မလိခသဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့၌ အသစ်ပြုပြင် တည်ဆောက်ပြီးစီးခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အဆောက်အအုံသစ်အား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မိုးညှင်းမြို့၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၃)ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲသို့ အနယ်နယ်အရပ်ရပ်မှ ရှင်မိရှင်မများလာရောက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ နတ်ကြီးကုန်းရှမ်းပိုင် ပညာလင်္ကာရဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၃)ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲတော်ကို ဇန်နဝါရီလ(၂၉)ရက်မှ ဖေဖော်ဝါရီလ(၄)ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ရှင်မိရှင်မများ လာရောက်ကြကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်