ကချင်ပြည်နယ်

ရွှေကူမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ရည်ရွယ်၍ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်နှင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်တို့ကို ယမန်နေ့နံနက် ၁၁ နာရီ ခွဲခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မိသားစုဝင်များကြိုတင်ပြင်ဆင်ထားရှိရေး သတိပေးလိုက်လံနှိုးဆော်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာချိန်တွင် မိသားစုဝင်များ ကြိုတင်ပြင်ဆင် ထားရှိရေးကို မြို့နယ်မီသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ကျော်ဇင်ထွန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များက မေလ(၁၀)ရက် ညနေ(၅)နာရီခွဲတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်‌နိုင်သည့်သစ်ပင်များအား ကြိုတင်ရှင်းလင်း ခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင်သဘာဝဘေးအန္တရာယ်ဖြစ်နိုင်သည့် သစ်ပင်များအား ကြိုတင်ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပူတာအိုခရိုင်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘောမြို့နယ်ဖွံဖြိုးတိုးတက်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းတာဝန်များလွှဲပြောင်းပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် နိုင်ငံပိုင်အခန်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မလိခအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မချမ်းဘောမြို့၌ ရေဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးသရုပ်ပြခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ရေးဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရေးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးသရုပ်ပြခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မလိခမြစ်ကမ်းဘေး၌ ဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းအတွက် သန့်ရှင်းသော သောက်သုံးရေ လုံလောက်မှုရှိစေရေး ကချင်ပြည်နယ်ရေသန့်လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ် အစိုးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့နှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ကချင်ပြည်နယ်ရေသန့် လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

မိုးညှင်းမြို့၌ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆင့်ပွားသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင် သားသမီးများအား အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆင့်ပွား သင်တန်းကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံး၌ ဖွင့်လှစ်ခဲ့သည်။

ချီဖွေမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး ဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ စိုက်ထူခဲ့သည်။

မိုးညှင်းမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျဉ်အမြန် ကူညီကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အလျဉ်အမြန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်