မိုးမောက်မြို့နယ်၌ အပူဒဏ်ကာကွယ်ရေးဆိုင်ရာ Talk Show ဆောင်ရွက်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အပူဒဏ် ကာကွယ်ရေးဆိုင်ရာ Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။