ချီဖွေ မေ ၁၀
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး ဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ စိုက်ထူခဲ့သည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်ကို ခရိုင်ပညာရေးမှူး ဦးရည်မွန်ကျော်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပပညာရေးမှူး ဦးကြည်နွယ်နှင့် မြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများက စိုက်ထူခဲ့ကြသည်။
ချီဖွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ (၂၃) ရက် နေ့မှ မေ (၃၁) ရက်နေ့အထိဖြစ်ပြီး အဆိုပါ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူရခြင်းမှာ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံ ကြပါစို့" ဆောင်ပုဒ်နှင့် အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်အပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများ၊ မိဘများ၊ ဆရာ/ဆရာမများ ပူးပေါင်းပါဝင်ဆောင်ရွက်စေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူရခြင်းဖြစ်ကြောင်း သိရ သည်။
ယော်ကိ(ပြန်/ဆက်)